28.10.2010 ] [ 20.08.2019 ] [ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၀/၂၀၁၀) ] < ပြင်ဆင် 08.10.2013, 30.07.2014, 28.07.2015, 20.08.2019 >
တရားစီရင်ရေးဆိုင်ရာမူများ
တရားစီရင်ရာတွင် အောက်ပါတို့ကို အခြေခံ၍ စီရင်ရမည်-
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊
(ခ) ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး၊
(ဃ) ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး၊
(င) ဥပဒေကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့်ပျိုးထောင်ပေးရေး၊
(စ) ပြည်သူအချင်းချင်းနှင့် ပတ်သက်သောအမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေ ရေး၊
(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေး။
မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန်အာဏာသက်ရောက်ခြင်း မရှိစေရ။
ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။
တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှ အပြီးအပြတ်လွှတ်လိုက်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှုထင်ရှားစီရင် သည့် စီရင်ချက် သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်သည့် စီရင်ချက်ကို အဆင့်မြင့်တရားရုံးက ပယ်ဖျက်ပြီး အမှုကိုအသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါမှတစ်ပါး ယင်းပြစ်မှု အတွက် ထိုသူအား ထပ်မံ စစ်ဆေးခြင်းမပြုရ။